စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ စက်တင်ဘာလ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ မြေပဲလုံးဆံ(နီ၊ဖြူ)များ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ၊ လကုန်ပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆံ(နီ) တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၇၅၀)တင်း/(၁၇)တန်ဖြစ်ကြောင်း၊ မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၂၀၀)တင်း/(၉၆)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(နီ) တစ်တင်းလျှင် (၁၁၂၀၀ဝိ/-)နှင့် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၀၇၂၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆံ(နီ )တစ်တင်းလျှင်(၃၂၀ဝိ/-)နှင့် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင်(၁၆၀ဝိ/-) ဈေးပိုခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ် ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၁၆၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင်ယခင်နှစ်ထက် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၂၇၂၀ဝိ/-) ဈေးပို ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)