ရွှေဘိုခရိုင်အတွင်း အောက်တိုဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ ပထမပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၈၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၀၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀၀၊ စုစုပေါင်း အိတ်ရေ ၅၇၆၀၀၊ တန်အားဖြင့် ၂၈၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇၃၀၀၊မန္တလေးသို့ အိတ်ရေ ၁၇၈၀၀၊ နေပြည်တော်သို့ အိတ်ရေ၆၅၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၅၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၂၆၀၀၊ တန်အားဖြင့် ၂၆၃၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၀၊ တန်အားဖြင့် ၂၅၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ အောက်တိုဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀ လျှင် ကျပ် ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀ ၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း‌)