“COVID-19 စတုတ္ထလှိုင်းအတွက် ကြိုတင်ဆောင်ရွက်ထားရှိမည့် အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး”

Powered by Drupal

ရန်ကုန်၊ ၁၁ - ၁၂ - ၂၀၂

          ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန် မြန်ဆန်စေရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ COVID-19 ရောဂါ စတုတ္ထလှိုင်း ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများ ပြုလုပ်ရန် ညှိနှိုင်းအစည်းအဝေးအား (၁၁.၁၂.၂၀၂၁) ရက်နေ့၊ စနေနေ့ (၁၃:၀၀)နာရီအချိန်တွင် Virtual  Meeting စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ Task Force လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်များ တက်ရောက်ကြပါသည်.

        ညှိနှိုင်းဆွေးနွေးပွဲတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးမှလည်း လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းအကြံပြုပြောကြားခြင်းနှင့် (Task Force) လုပ်ငန်းအဖွဲ့၊ ဥက္ကဌမှ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ ရှင်းလင်းဆွေးနွေးပြီး အဖွဲ့ဝင်များနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများမှ ကြိုတင်ကာကွယ်ရေး အစီအမံနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)