အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာ(၄)ရက်နေ့အတွင်း မင်းလှမြို့ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ဥယျာဉ်ကျေးရွာ၊ ပန်းတော်ပြင်ကျေးရွာ၊ မလွန်ကျေးရွာနှင့် မိကျောင်းရဲ၊ တောင်တွင်းကြီး၊ သရက်၊ မင်းဘူး၊ မကွေးမြို့တို့မှ ကုန်စည်များအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

     ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဇီယာဆန်(၁)ပြည်လျှင် ကျပ်(၃၆၀၀)၊ ‌ပေါ်ဆန်း(ဖျာပုံ) (၁)ပြည်လျှင် ကျပ်(၅၁၀၀)၊ ပေါ်ဆန်း(ရွှေဘို)(၁)ပြည်လျှင် ကျပ်(၆၅၀၀)၊ ဧရာပဒေသာ(၁)ပြည်လျှင် ကျပ်(၆၇၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ မျှင်ငါးပိ (၁)ပိဿာလျှင် ကျပ်(၆၄၀၀)၊ ကြက်သွန်နီ(၁) ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငရုတ်သီးခြောက်(ရှည်)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀ - ၉၀၀၀၀)၊ အိမ်သုံးဆား(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၆၀၀-၂၀၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ် (၁၆၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ မုန်လာဥနီ(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ မုန့်ညှင်း(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပန်းဂေါ်ဖီ(၁)ပွင့်လျှင် ကျပ်(၁၅၀၀-၁၇၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ချဉ်‌ပေါင်ရွက်(၁)စည်းလျှင် ကျပ် (၅၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၁၅၀)၊ ပြောင်းဖူး(သကြား) (၁)ဖူးလျှင် ကျပ် (၄၀၀)၊ ပြောင်းဖူး(ရိုးရိုး)(၁)ဖူးလျှင် ကျပ်(၃၅၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ မောင်မခေါ်ပဲ(၁)ပြည်လျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဝက်သား(၁) ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀-၂၀၀၀၀)၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၃၈၀၀-၄၀၀၀)နှင့် ငုံးဥ(၁၀)လုံးလျှင် ကျပ်(၆၀၀)ဖြစ်ကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)