သရက်မြို့နယ်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်၌ အများပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်ကုန်သည်များပါဝင်ကာ (၃၀-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် အနောက်ရပ်၊ မြောက်ပိုင်းရပ်ကွက်၊ အလင်းရောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ပြည်သူများအား ဈေးနှုန်းချိုသာစွာဆန်များရောင်းချပေးခဲ့ပါသည်။

      ထိုသို့ရောင်းချပေးရာ အိမ်ထောင်စု(၁)စုလျှင် ဧည့်မထဆန်(၁)ပြည်နှုန်းစီလျှင် ကျပ်(၂၅၀၀) ဈေးနှုန်းဖြင့် အိမ်ထောင်စု(၂၉၄)စုအား ဆန်များရောင်းချပေးနေမှုကို ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

       ဆက်လက်၍ တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ကျန်ရပ်ကွက်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်းသိရှိရပါသည်။

DOCA(မကွေး)