အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် အောင်လံမြို့နယ်၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့တစ်ဖက်ကမ်းရှိ သရက်မြို့နယ်တို့၌ နှမ်းသီးနှံအသစ်များရိတ်သိမ်းချိန်ရာသီဖြစ်၍ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၂၇-၉-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၇၀၀၀၀-၃၂၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၃-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀-၃၂၀၀၀၀) ဖြစ်၍ ကျပ်(၅၀၀၀-၁၀၀၀၀) ဈေးလျော့နည်းခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၉၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးလျော့နည်းခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်၍  ကျပ်(၁၀၀၀၀)ဈေးလျော့နည်းလာခဲ့ကြောင်း၊ နှမ်းပြာ(၁)အိတ်လျှင်  ယခင်အပတ်တွင် ကျပ်(၂၇၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၇၀၀၀၀)ဖြစ်၍  ကျပ်(၅၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့နည်းခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင် အိတ်များဖြင့် နှမ်းနက်(စမုံ)(၄၈၀၀)အိတ်၊ နှမ်းနီ(၄၃၀)အိတ်၊ နှမ်းဖြူ(၂၈၀)အိတ်၊ နှမ်းပြာ(၃၅၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရပါသည်။

 ပဲမျိုးစုံဈေးကွက်အနေဖြင့် ပဲတီစိမ်း (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၅၀၀၀-၅၉၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၅၀၀၀-၆၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်တက်လာခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)မှာ ယခင်အပတ်တွင် ကျပ်(၉၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်လာခဲ့ကြောင်းသိရပါသည်။ မတ်ပဲမှာ ယခင်အပတ်တွင် ကျပ်(၈၃၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၀၅၀၀)ဖြစ်၍ ကျပ်(၂၅၀၀)ဈေးလျော့နည်းလာခဲ့ကြောင်း၊ ကုလားပဲ(H-L)(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၉၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၃၀၀၀)၊ ပဲကြီး(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၉၆၀၀၀-၁၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲတီစိမ်း(၂၂၀၀)အိတ်၊ မတ်ပဲ (၃၀၀)အိတ်၊ ကုလားပဲ(H-L)(၉၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၅၀)အိတ်၊ ပဲကြီး(၃၇၀)အိတ်တို့အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၂၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့နည်းလာခဲ့ကြောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၅၅၀)အိတ်၊ မြေပဲတောင့်အစို တင်း(၅၃၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်းနှင့် ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)