သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/ စီးထွက်မှုအခြေအနေ

Powered by Drupal

     သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ နောက်ဆုံးအပတ်၌ စပါး၊ဆန်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းခဲ့သည်။သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးများနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၃၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၅)တန်ခန့်စီးထွက်ခဲ့သည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ၏ ပထမအပတ်တွင် မော်လမြိုင်သို့ (၂၆၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀)တန်ခန့်စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့ကြောင်းသိရှိရသည်။

          သထုံခရိုင်အတွင်းသို့ စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ  ရန်ကုန်တိုင်းဒေသကြီးမှ ( ၁၀၀၀ ) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၃၅)တန်ခန့်စီးဝင်ခဲ့ပြီး အောက်တိုဘာလ၊ ပထမအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ   (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ ( ၁၆၀၀ ) အိတ်ခန့် ၊ စုစုပေါင်း ( ၂၉၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၀) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးဝင်ခဲ့သည် ။

     သထုံခရိုင်အတွင်း၌   ‌အောက်တိုဘာလ၊ ပထမအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေးမှာ ကျားပျံဟိုတယ် ကျပ် (၃၀၀၀၀၀ဝိ/) ခန့်၊  ပေါ်ဆန်းဝါ ကျပ် ( ၂၉၀၀၀၀ဝိ/-) ခန့်၊  ကမာကြည် ကျပ် (၂၇၀၀၀၀ဝိ/-)ခန့်နှင့် ( ၂၄ ) ပြည်ပါ ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် ကျပ် ( ၁၀၅၀၀ဝိ/-) ခန့်၊ ပေါ်ဆန်းဝါ ကျပ် ( ၁၀၀၀၀ဝိ/- ) ခန့်၊ ကမာကြည် ကျပ် (၈၅၀၀ဝိ/-) ခန့်၊ ဧည့်မထ ကျပ် ( ၇၀၀၀ဝိ/- ) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)