ပခုက္ကူခရိုင်၊ ကြက်သွန်နီကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော ဈေးနှုန်း/ ဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကြက်သွန်နီသည် ကုန်ဝယ်ဒိုင်တွင်  မြို့နယ်ဒေသများမှ ဝင်ရောက်မှုနည်းပါးနေပြီး မြို့ပေါ်ရှိ ကြက်သွန်နီလက်ကျန်များသာအရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။ 

    (၁-၁၀-၂၀၂၃) ရက်နေ့မှ (၃-၁၀-၂၀၂၃) ရက်နေ့ထိ ကြက်သွန်နီအရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည့် ကုန်စည်ဒိုင်လက်ကားဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍  ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၁၉၀၀)၊ ကြက်သွန်နီ အရောင်ကာလာပျက်တစ်ပိဿာလျှင် ကျပ်(၂၃၀၀-၂၂၀၀)၊ အခွံကျွတ်အမဲစတစ်ပိဿာလျှင် ကျပ် (၁၈၀၀)၊ အကျတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ဖြစ်ပြီး နေ့စဉ် ကုန်ချိန်အဝင်မှာလည်း ယခင်ရက်များတွင်  (၅၀၀၀၀-၁၀၀၀၀၀)ပိဿာခန့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုရက်များတွင်  ကုန်အဝင်မှာ (၇၀၀၀-၁၀၀၀၀)ပိဿာကျော်ထိသာအရောင်းအဝယ်ဖြစ်နေကြောင်း၊ မြို့မစည်ပင်သာယာဈေးတွင်ရောင်းချနေသော လက်လီဈေးနှုန်းများမှာ  ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀-၂၀၀၀)ဖြင့်ရောင်းချနေကြောင်း၊ တင်ပို့မှုအနေဖြင့် ပြည်တွင်း၌သာတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)