မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်၊ မိတ္ထီလာနှင့် ကျောက်ပန်းတောင်းဒေသတို့မှထွက်ရှိသော ကျောက်စိမ်းငရုတ်သီးစိမ်းများ၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ရွှေအပ်ငရုတ်သီးစိမ်းများကို နေ့စဉ်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။
မြို့မစည်ပင်သာယာဈေး၊ အမှတ် (၂) ဈေးနှင့် ပျံကျဈေးတို့တွင်ရောင်းချနေသော ငရုတ်သီးစိမ်းဈေးနှုန်းများမှာ ငရုတ်သီးစိမ်းအမျိုးအစားကိုလိုက်၍ ကျောက်စိမ်းငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကျောက်ဆည်နှင့်မိတ္ထီလာမှလာသော ငရုတ်သီးစိမ်းမှာ အစပ်သီးဖြစ်သောကြောင့် တစ်ပိဿာလျှင် ကျပ်(၃၀၀၀) မှ ကျပ်(၅၀၀၀)၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ငရုတ်သီးစိမ်းမှာ ရွှေအပ်သီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့်ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)