မကွေးမြို့နယ်၌ စက်သုံးဆီစျေးနှုန်းများ ကျဆင်းလာ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စက်သုံးဆီလက်ကားရည်ညွှန်းစျေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်ခဲ့သော စက်သုံးဆီစျေးနှုန်းများမှာ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၂၉၅)၊ ဓာတ်ဆီ(95)(၁)လီတာလျှင် ကျပ်(၂၄၀၀)၊ ဒီဇယ်ရိုးရိုး (၁) လီတာလျှင် ကျပ်(၂၆၄၀)၊ ဒီဇယ် (ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၇၂၀)ဖြင့် ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)အတွင်း ဖြစ်ပေါ်လျက်ရှိသောစက်သုံးဆီစျေးနှုန်းများမှာ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၁၁၅)၊ ဓာတ်ဆီ (95)(၁)လီတာလျှင် ကျပ်(၂၂၁၀)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၅၉၅)၊ ဒီဇယ် (ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၆၃၅) ဖြစ်ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၁၈၀)၊ ဓာတ်ဆီ (95)(၁)လီတာလျှင် ကျပ်(၁၉၀)၊ ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ကျပ်(၄၅)၊ ဒီဇယ်(ပရီမီယံ)(၁)လီတာလျှင် ကျပ်(၈၅)ဖြင့် အသီးသီးစျေးနှုန်းများကျဆင်းလာကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)