ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အမြင့်ဈေး ၈၅၀၀/-ကျပ်မှ အနိမ့်ဈေး ၇၁၀၀/-ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၄၉၅၅/-ကျပ်မှ ၅၃၉၅/-ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၅၄၈၅/-ကျပ်မှ ၅၈၄၅/-ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ပိဿာလျှင် ၅၈၅၀/-ကျပ်မှ ၆၂၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၅၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၁၀၀၀၀/-ကျပ်မှ ၁၁၀၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်-သစ်) ၁ပိဿာလျှင် ၁၁၅၀/-ကျပ်မှ ၁၂၅၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား-သစ်) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၄၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၂၅၀၀/-ကျပ်မှ ၃၀၀၀/-ကျပ်ထိလည်းကောင်း၊ သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၃၃၈၈/-ကျပ်မှ ၃၇၀၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၃၃၅၀/-ကျပ်မှ ၃၇၂၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၃၇၀၀/-ကျပ်မှ ၄၂၀၀/-ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၂၁၀၀/-ကျပ်မှ ၂၆၀၀/-ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၁၇၀၀/-ကျပ်မှ ၃၅၀၀/-ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ (ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အမြင့်ဈေး ၈၀၀၀/-ကျပ်မှ အနိမ့်ဈေး ၇၂၀၀/-ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၅၂၁၅/-ကျပ်မှ ၅၃၉၅/-ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၅၆၆၀/-ကျပ်မှ ၅၈၄၅/-ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ပိဿာလျှင် ၅၈၀၀/-ကျပ်မှ ၆၂၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၈၀၀၀/-ကျပ်မှ ၁၀၀၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်-သစ်) ၁ပိဿာလျှင် ၁၁၅၀/-ကျပ်မှ ၁၂၅၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား-သစ်) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၄၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၂၇၅၀/-ကျပ်မှ ၃၂၀၀/-ကျပ်ထိလည်းကောင်း၊ သကြား (ပြည်တွင်း) ၁ ပိဿာလျှင် ၃၅၈၀/-ကျပ်မှ ၃၇၀၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၃၅၀၈/-ကျပ်မှ ၃၈၀၈/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၄၀၀၀/-ကျပ်မှ ၄၈၀၀/-ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၄၅၀/-ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၂၅၀၀/-ကျပ်မှ ၃၄၅၀/-ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်သာ အတက်အကျဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ရန်ကုန်)