တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၇) ရက်နေ့မှ အောက်တိုဘာလ(၃)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၄၀၀) မှ ကျပ် (၁၀၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၆၀၀) မှ ကျပ် (၁၅၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၄၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၃၆၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၈၀၀) မှ ကျပ် (၅၅၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၈၀၀) မှ ကျပ် (၁၈၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၄၀၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၄၀၀) မှ ကျပ် (၂၈၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် ကျပ် (၇၂၀၀) မှ ကျပ် (၈၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၇၄၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၄၀၀၀) မှ ကျပ် (၇၀၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၃၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၇၀) မှ ကျပ် (၁၀၀) အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ် (၁၂၀၀) မှ ကျပ် (၂၂၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀) မှ ကျပ် (၁၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၁၂၀၀) မှ ကျပ် (၁၈၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်ပိဿာလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၅၀၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၃၂၁၃၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၈၇၁၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၂၉၇၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၁၈၉၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၅၂၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၈၆၅၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (၈၂၇၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၀၄၀၀)ကျော်  စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)