ရွှေပြည်သာမြို့နယ်၌ ရက်သတ္တပတ်အတွင်းဖြစ်ပေါ်နေသော သံချောင်းဈေးနှုန်းအခြေအနေ

Powered by Drupal

    ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ရွှေပြည်သာမြို့နယ်၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချနေသော မိဘမေတ္တာဆိုင်သို့ နေ့စဉ်သံချောင်းဈေးနှုန်းစုံစမ်းလျက်ရှိရာ သံချောင်းအမျိုးအစားများဖြစ်သော HRB-400, HRB-500, H-Beam, I-Beam, Hollow ဈေးနှုန်းများမှာ ယခင်အပတ်ထက် ယခုအပတ်တွင် ကျပ်(၅၀၀၀)မှ ကျပ်(၁၀၀၀)ခန့်ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ သံချောင်းဈေးနှုန်းကျဆင်းရခြင်းအကြောင်းမှာ မိုးတွင်းကာလဖြစ်ပြီး ဝယ်လိုအားနည်းပါးနေသောကြောင့်ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)