သင်္ဃန်းကျွန်းမြို့နယ်၌ စားအုန်းဆီရောင်းချမှုကို ကွင်းဆင်းကြပ်မတ်

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်အရ စားသုံးဆီများဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီများမှ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသူများသို့ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်ရောင်းချစေရေး စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေး၊ ရည်ညွှန်းဈေးနှုန်းထက် ၂%အမြတ်တင်ရောင်းချပေးခြင်းရှိ/မရှိနှင့်  ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချနေခြင်းများမပြုလုပ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄-၁၀-၂၀၂၃) ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ လုပ်ငန်းရှင် ဦးစိုင်းဇော်ဇော်လင်းဆိုင်သို့သွားရောက်ကွင်းဆင်းစိစစ်ရာ စားသုံးဆီများကို SIX WINNER BROTHER CO., Ltd မှဝယ်ယူ၍ စားသုံးသူပြည်သူများသို့ ဆီ ၁ပိဿာလျှင် ၄၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)