အောက်တိုဘာဘာလ ပထမအပတ်တွင် ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ အလုံးအကြီး/ အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀/၈၀၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀)ကျပ်၊ အာလူးအသေး/ အကြီးတစ်ပိဿာလျှင် အမျိုးအစားအလိုက် (၂၅၀၀/၂၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အလုံးအကြီး/ အသေးပေါ်မူတည်ပြီး (၁၈၀၀/၂၀၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၅၀၀) ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်ထိ၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည် ။

       ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၇၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တွင်ဖြစ်ပေါ်နေသော အသားငါးဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ တီလားဗီးယားငါး အသေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အကြီးတစ်ပိဿာလျှင် (၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

      အောက်တိုဘာလ ပထမအပတ်အတွင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် တခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်းနှင့် အသီးအရွက်ဈေးများ၊ အသားဈေး/ ငါးဈေးနှုန်းများလည်း တည်ငြိမ်လျက်ရှိနေကြောင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)