မင်းဘူးမြို့၏ အောက်တိုဘာလ(ပထမအပတ်)စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင် စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိရာ ပုံမှန် ဆိုင်ဖွင့်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထအပတ်)နှင့် အောက်တိုဘာလ (ပထမအပတ်) စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၅၃၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၃၅)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ခဲ့ကြောင်း၊ ဒီဇယ် (ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၁၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၇၅) ဖြစ်၍ ကျပ်(၂၄၀)ဈေးလျော့နည်းခဲ့ကြောင်း၊ ဓာတ်ဆီ(92)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၆၅) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၉၉၀)ဖြစ်၍ ကျပ်(၂၇၅)ဈေးလျော့နည်းခဲ့ကြောင်း၊ ဓာတ်ဆီ(95)(၁) လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၇၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၀၉၀)ဖြစ်၍ ကျပ်(၂၈၅) ဖြင့် အသီးသီးဈေးလျော့နည်း ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)