မွန်ပြည်နယ်အတွင်းရှိ ဝဥစက်ရုံများ စတင်လည်ပတ်

Powered by Drupal

    ဝဥရာသီကုန်ဆုံးချိန်ဖြစ်သော ဇန်နဝါရီလမှ ဩဂုတ်လအထိ ဝဥစက်ရုံများရပ်နားထားခဲ့ရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ဝဥများစတင်ထွက်ပေါပြီး စက်ရုံများ ပြန်လည်လည်ပတ်လျက်ရှိကြောင်းသိရှိရသည်။ ဝဥစတင်ထွက်ပေါ်ချိန် စက်တင်ဘာလဆန်းတွင် ဝဥအစိုတစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်းမှာ (၁၀၂၅) ကျပ်ခန့်ရှိကြောင်း၊ ယခင်နှစ် ဝဥစတင်ထွက်ပေါ်ချိန်တွင် (၆၀၀-၈၀၀) ကျပ်ရှိခဲ့ရာ ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ ဝဥများကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ ဝယ်ယူရရှိကြောင်းသိရှိရသည်။

     ဝဥအစိုများကို စက်ရုံများတွင် စက်ဖြင့် ရေဆေး၊ အခွံခွာ၊ ပါးပါးလှီး၊ အခြောက်ခံကာ ဝဥခြောက်အပြားများရရှိသည်။ ဝဥအစို (၆.၇) ပိဿာလျှင် ဝဥအခြောက် (၁) ပိဿာရရှိကြောင်း၊ အဆိုပါ ဝဥအခြောက်အပြားများကိုထုပ်ပိုး၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။ ယခင်အချိန်က မန္တလေး-ချင်းရွှေဟော်- တရုတ်သို့တင်ပို့ခဲ့သော်လည်း ယခုအခါ ရန်ကုန်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းဆိပ်ကမ်းသို့တင်ပို့ကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မွန်)