ဘားအံမြို့မှာ ကြက်ဥဈေးအနည်းငယ်ကျ

Powered by Drupal

      ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၃ အောက်တိုဘာလအတွင်း ကြက်ဥဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။

      ဈေးနှုန်းစာရင်းများအရ ယခင်က ကြက်ဥ အလတ်ဆိုဒ် ၃၀ ပါ တစ်ကတ်လျှင် ၇၅၀၀/ ကျပ်ဖြစ်ပြီး ယခုအခါ တစ်ကတ်လျှင် ၆၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ကြက်ဥဈေးနှုန်းကျဆင်းရခြင်းနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ဇာသပြင် အဖြောင့် လမ်း မှ  ဘားအံမြို့သို့ လက်လီ/ လက်ကား လာရောက်ဖြန့်ဖြူးရောင်းချလျက်ရှိသော နိုင်ဝင်းအောင် ကြက်ဥ/ ဘဲဥအရောင်းဒိုင်က  “ ကြက်ဥအရောင်းအဝယ်က နည်းနည်းအေးသွား တယ်၊ ဈေးလည်း တစ်လုံး ၃၀ လောက်ဈေးကျတယ်၊ အစာဖိုးကတော့ ဈေးမကျပါဘူး၊ အခုက သားငါးတွေ ပေါလာလို့ ကြက်ဥ အဝယ်အေးပြီးဈေးကျသွားတဲ့ သဘောပါပဲ” ဟု ဈေးကွက် အခြေအနေအား ပြောပြသည်။

    ကရင်ပြည်နယ်တွင် ကြက်ဥများအား ဒေသတွင်း မွေးမြူရေးခြံများမှ ဈေးကွက်အတွင်း ဖြန့်ဖြူးမှုများရှိသကဲ့သို ပဲခူး( တောင်သုံးလုံး)၊ တောင်ကြီး စသည့် မွေးမြူရေးခြံများမှ ကြက်ဥများ လည်း ဝင်ရောက်ကြောင်း သိရသည်။

DOCA(ကရင်)