မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်မှ အောက်တိုဘာလ ပထမအပတ်အတွင်းရောင်းချသည့် ပဲမျိုးစုံနှင့် ဖြစ်ပေါ်နေသောဈေးနှုန်းအခြေအနေ

Powered by Drupal

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်မှ အောက်တိုဘာလ ပထမအပတ်အတွင်း ရောင်းချသောပဲမျိုးစုံများမှာ ပဲတီစိမ်း(ရွှေဝါ)၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်းဖြူ၊ ဘိုကိတ်၊ ပဲပုပ်၊ မြေပဲတို့ရောင်းချကြောင်းသိရသည်။  

     ယင်းပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ ပဲတီစိမ်း(ရွှေဝါ) ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၆၈၀၀၀၊ ပဲတီစိမ်း ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၅၈၀၀၀၊ မတ်ပဲ ၂၀ ပိဿာဝင် တစ်တင်းလျှင် ကျပ်၈၀၄၀၀၊ ပဲလွန်းဖြူ ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၄၄၅၀၀၀၊ ဘိုကိတ် ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၄၈၅၀၀၊ ပဲပုပ် ၂၀ ပိဿာဝင် တစ်တင်းလျှင် ကျပ်၆၉၀၀၀၊ မြေပဲ ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၁၄၀၀၀၀ဖြစ်ကြောင်းသိရသည်။ ‌ ၎င်းငါးဈေးနှုန်းများသည် အပတ်စဉ်အလိုက် အပြောင်းအလဲရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)