မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်မှ အောက်တိုဘာလတွင်ဖြစ်ပေါ်နေသော ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ပထမအပတ်အတွင်း ကြက်သွန်နီဈေးနှုန်းအခြေအနေမှာ မုံရွာကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ကျပ်၂၈၀၀၊ မုံရွာကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ကျပ်၂၈၀၀၊ မုံရွာကြက်သွန်နီ (အသေး) တစ်ပိဿာလျှင် ကျပ်၂၄၅၀၊ မလှိုင်ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ မလှိုင်ကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ မလှိုင်ကြက်သွန်နီ (အသေး) တစ်ပိဿာလျှင် ကျပ်၂၄၀၀ဖြစ်ကြောင်းသိရသည်။

     ကြက်သွန်ဖြူဈေးနှုန်းအခြေအနေမှာ ကြူကုတ်တစ်ပိဿာလျှင် ကျပ်၇၄၀၀၊ ထူးလေးတစ်ပိဿာလျှင် ကျပ်၈၇၀၀၊ ထူးငါးတစ်ပိဿာလျှင် ကျပ်၉၂၀၀၊ ချင်း (ဥမ) တစ်ပိဿာလျှင် ကျပ်၂၅၀၀ဖြစ်ကြောင်းသိရပါသည်။ ယခုဈေးနှုန်းများသည် အပတ်စဉ်အလိုက် ပြောင်းလဲမှုရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)