စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်အတွင်းရှိပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေး

Powered by Drupal

       မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်(၁၁)ဦးမှ လူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာ ကျပ်(၄၉၀၀)နှုန်းဖြင့် (၇.၁၀.၂၀၂၃)ရက်နေ့ နံနက်(၀၇:၃၀)အချိန်တွင် ဆင်ဖြူကျွန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးမျိုးစိန်(ငွေဇင်ယော်) စားသုံးဆီ အရောင်းဆိုင်မှ လူဦးရေ(၆၆၀)ဦးအတွက် စားအုန်းဆီ(၆၆၀)ပိဿာအားလည်းကောင်း၊ အမှတ်(၂) ရပ်ကွက်ရှိ ဦးမောင်မောင်လွင်(ရွှေတိမ်လွှာ)စားသုံးဆီအရောင်းဆိုင်မှ လူဦးရေ(၆၆၀)ဦးအတွက် စားအုန်းဆီ (၆၆၀)ပိဿာအားလည်းကောင်း၊ စလင်းမြို့၊ ဈေးမရပ်ကွက်ရှိ ဦးဖိုးသာ(မဏိဇောတ)စားသုံးဆီ အရောင်းဆိုင်မှ လူဦးရေ(၄၄၀)ဦးအတွက် စားအုန်းဆီ(၄၄၀)ပိဿာအားလည်းကောင်း၊ (၈.၁၀.၂၀၂၃) ရက်နေ့ နံနက်(၀၇:၃၀)အချိန်တွင် ဆင်ဖြူကျွန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်မီမီအေး(ရွှေဗမာ)၊ ဒေါ်မြင့်မိုရ်ဝင်း(ရွှေယာမြေ)မှ လူဦးရေ(၁၁၀၀)ဦးအတွက် စားအုန်းဆီ(၁၁၀၀)ပိဿာအားလည်းကောင်း၊ စလင်းမြို့၊ မြင်တင်ရပ်ကွက်ရှိ ဦးအောင်မြင့်(တက်နေဝန်း)၊ ဦးစံလင်း(ကိုစံ)ဆီအရောင်းဆိုင်မှ လူဦးရေ (၆၆၀)ဦးအတွက် စားအုန်းဆီ(၆၆၀)ပိဿာအားလည်းကောင်း၊ (၉.၁၀.၂၀၂၃)ရက်နေ့ နံနက်(၀၇:၃၀) အချိန်တွင် စလင်းမြို့၊ မြင်တင်ရပ်ကွက်ရှိ ဦးတင်အောင်မိုး(အောင်စိုးမိုး)ဆီအရောင်ဆိုင်၊ ဆင်ဖြူကျွန်း မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဒေါ်ပပစားသုံးဆီအရောင်းဆိုင်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ဦးအံ့နီ(ထူးရတနာ) စားသုံးဆီအရောင်းဆိုင်မှ လူဦးရေ(၉၉၀)ဦးအတွက် စားအုန်းဆီ(၉၉၀)ပိဿာအားလည်းကောင်း၊ (၁၀.၁၀.၂၀၂၃)ရက်နေ့ နံနက်(၀၇:၃၀)အချိန်တွင် ဆင်ဖြူကျွန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးလူမော် (ရွှေမြင့်မိုရ်)စားသုံးဆီအရောင်းဆိုင်မှ လူဦးရေ(၄၄၀)ဦးအတွက် စားအုန်းဆီ(၄၄၀)ပိဿာအားလည်းကောင်း၊  စုစုပေါင်းလူဦးရေ(၄၉၅၀)ဦးအတွက် စားအုန်းဆီ(၄၉၅၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

          အဆိုပါရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်နှင့်အဖွဲ့၊ စားသုံး သူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဆန်းလင်းမောင်တို့က ကြီးကြပ်ဆောင်ရွက်ပေးလျှက် ရှိပြီး ပြည်သူများ၏နေ့စဉ်လူနေမှုဘဝ အထောက်အပံ့ဖြစ်စေရေးရည်ရွယ်၍ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)