ဘားအံမြို့၏ ပိန်းဥဈေးကွက်

Powered by Drupal

     ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးသို့ ပိန်းဥများ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်ဝင်ရောက်လာကြောင်း သိရပါသည်။ ယခုလို ပေါ်ဦးပေါ်ဖျားအချိန်တွင် ပိန်းဥများ အဝယ်လိုက်နေပြီး ရက်ခြားဖြင့် တစ်ပတ်လျှင် ပိဿာချိန် ၁၀၀ ကျော် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။

    ဘားအံမြို့ပေါ်ရှိ စျေးများတွင် ပိန်းဥကို အရွယ်အစားအလိုက် တစ်ပိဿာလျှင် ၃၀၀၀ - ၃၅၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ကရင်ပြည်နယ်တွင် ပိန်းဥကို ဟင်းချက်စားခြင်း၊ ပြုတ်စားခြင်း၊ ပိန်းဥမုန့်အမျိုးမျိုးပြုလုပ်၍ စားသောက်ခြင်းနှင့် ပိန်းဥသည် ဒေသခံတိုင်းရင်းသားများ စားသုံးမှုများသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

DOCA(ကရင်)