ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်၌ အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ နေ့စဉ် နေထိုင်စားသောက်ရေးအထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၁)ရပ်ကွက်၌ ရောင်းချပေးကြောင်းသိရှိရပါသည်။

     ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက လွတ်လပ်စွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ရောင်းချပေးသည့် အခြေခံစားသောက်ကုန်အရေအတွက်အားဖြင့် ကြက်ဉ (၁၅၀၀) လုံး၊ ကြက်သားပိဿာချိန် (၄၀)၊ ဆီ (၅၀)ကျပ်သားဘူး (၄၀၀)ဘူး၊ ဆန် (၃၀၀)ပြည်တို့ကို ဈေးနှုန်းချိုသာစွာလက်ဝယ်အရောက် ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စနစ်တကျတန်းစီ၍ ဝယ်ယူခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)