မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဦးကြီးထော်ကျေးရွာနှင့် လက်ပံ(တောင်)ကျေးရွာတွင် သက်သာသောဈေးနှုန်းဖြင့် ဆီရောင်းချပေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၉-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ဦးကြီးထော်ကျေးရွာနှင့် လက်ပံ(တောင်)ကျေးရွာရှိ ပြည်သူများအား စားသုံးဆီရောင်းချပေးခဲ့ပါသည်။

    ထို့နောက် စားသုံးဆီများရောင်းချပေးခြင်းရည်ရွယ်ချက်မှာ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိပြီး တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးအဆင်ပြေစေရန် စားသုံးဆီရည်ညွှန်းဈေးတစ်ပိဿာလျှင် (၄၈၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)