ဆိပ်ဖြူကြက်သွန်နီ အောက်တိုဘာလ(ပထမပတ်) ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု

Powered by Drupal

   ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်မှ(၇)ရက်ထိ (ပထမပတ်)အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၁)သောင်းခွဲခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁) သိန်းခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ(၂)သိန်းခွဲခန့် စီးဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

     ယခု အောက်တိုဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ်(၂၃၅၀ မှ ၂၅၀၀)၊ အလတ်စ ကျပ်(၂၃၀၀ မှ ၂၄၀၀)၊ အနိမ့်ဈေး ကျပ်( ၁၈၀၀ မှ ၂၂၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်တစ်ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၆၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၁၅၀)၊ အလတ်နှင့် အသေးစတို့မှာ ကျပ်(၂၀၀)စီဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ဆိပ်ဖြူကြက်သွန်နီ အောက်တိုဘာလ(ပထမပတ်)၌ ကြက်သွန်နီဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ရခြင်းမှာ ပြည်ပဈေးကွက်ဝယ်လိုအားနည်း၍ ဈေးနှုန်းကျဆင်းကြောင်း ကြက်သွန်နီ ဈေးကွက်မှ သိရှိရပါသည်။

  ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ပိဿာ(၂)သိန်းခန့် ၊ မြဝတီမြို့သို့ ပိဿာ(၂)သောင်းခန့်၊ ပြည်မြို့သို့ ပိဿာ(၂)သောင်းခန့်၊ ပုသိမ်မြို့သို့ ပိဿာ(၁)သောင်းခန့် ကုန်ချိန် စီးဆင်းလျက်ရှိကြောင်း၊ ယခုအောက်တိုဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီစုစုပေါင်း ပျမ်းမျှ ပိဿာ(၂)သိန်းခွဲခန့်၊ (၉၆၁၅)အိတ်၊ တန်ချိန်(၄၀၈)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။          

DOCA(မကွေး)