တောင်ငူမြို့သို့ အညာဒေသမှထွက်သော ဩဇာသီးများဝင်ရောက်လျက်ရှိရာ ပေါ်ဦးပေါ်စ၌ တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အထိပေးရပါသည်။ ယခုအခါတွင် တောင်ငူဒေသမှ ဩဇာသီးများပေါ်လာပြီဖြစ်သဖြင့် တစ်လုံးလျှင် ၅၀၀ကျပ်၊ သုံးလုံးယူလျှင် ၁၀၀၀ကျပ်ဖြင့် ဈေးကျသွားပြီဖြစ်ကာ ပေါများစွာစားသုံးနိုင်ကြပြီဖြစ်ပါသည်။
ဩဇာသီးတွင် ဗီတာမင် B6 သင့်တင့်စွာပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါတို့ကိုကာကွယ်ပေးကြောင်း သုတေသနစာတမ်းများအရ သိရှိရပါသည်။ ဩဇာသီးအလွန်အကျွံစားသုံးမိလျှင်လည်း ရင်ကြပ်ရောဂါရနိုင်သဖြင့် သင့်တင်စွာစားသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)