ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

Powered by Drupal

      ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ဘိလပ်မြေဈေးကွက်မှာ မိုးတွင်း ကာလဖြစ်သောကြောင့် အရောင်းအဝယ်အနည်းငယ်အေးနေပြီး    ကြံနှစ်ကောင်ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၇၀၀)၊ အယ်လဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

    စိုက်ပျိုးရာသီဖြစ်သောကြောင့်  ဓာတ်မြေဩဇာဈေးနှုန်းများမှာလည်း   အသုံးအများဆုံးဖြစ်သော အာမိုယူရီးယား၊ ဩဘာယူရီးယား၊ ပုလဲရွှေတောင်၊ ရွှေကောမက်၊ ပိုတက်အမျိုးအစားများမှာ ဈေးတက်လာသည်ကို တွေ့ရပါသည်။ ယခု အောက်တိုဘာလ(ဒုတိယပတ်)တွင် အာမိုယူရီးယား (50)kgပါတစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ ဩဘာယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ တရုတ်ပုလဲရွှေတောင်(50)kgပါ  တစ်အိတ်လျှင် ကျပ်(၉၈၀၀၀) အသီးသီးရှိခဲ့ပါသည်။ ပုံမှန်အရောင်းအဝယ်ဖြစ်သော ဓာတ်မြေဩဇာများမှာ ရွှေနဂါးယူရီးယား (50k)g ပါ တစ်အိတ်လျှင် ကျပ်(၈၅၀၀၀)၊ တီစူပါသံကွင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မြန်မာဩဘာရွှေကောမက်(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ အာမိုကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဩဘာ ကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅(50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၃၄၀၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ပိုးသတ်ဆေး ဈေးနှုန်းများအနေဖြင့် ယခုရာသီတွင် ဈေးတက်လာသည်ကိုတွေ့ရပြီး အာမို မက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၃၀၀၀၀)၊ အာမိုအီမာ (၁)လီတာဘူးတစ်ဘူးလျှင် ကျပ်(၃၆၅၀၀)၊ မင်းမဟော်စီအက်စ်(500)gပါ တစ်ထုပ်လျှင် ကျပ်(၂၀၀၀၀)၊ ဩဘာပို့စ်(၂၅၀)cc ဘူးတစ်ဘူးလျှင် ကျပ်(၁၁၀၀၀)၊ ဩဘာအဆီဖိတ်(500)gပါ တစ်ထုပ်လျှင် ကျပ်(၂၃၀၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၇၅၀၀)၊ ဩဘာငှက်ကြီးတောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၄၁၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး(500)cc တစ်ဘူးလျှင် ကျပ်(၃၀၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၁၆၀၀၀)အသီးသီးရှိပြီး ပိုးသတ်ဆေးများမှာရောင်းအားအနေဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)