တောင်ငူမြို့၏ တစ်နိုင်တစ်ပိုင်မှိုစိုက်ပျိုးရေး

Powered by Drupal

    တောင်ငူမြို့တွင် တပိုင်တနိုင်မှိုစိုက်ပျိုးသူများရှိပါသည်။ အိမ်၌နေရင်း အိမ်တွင်းစီးပွားအဖြစ်လည်း ခြံထဲတွင်စိုက်ပျိုးကြပါသည်။ မှိုစိုက်ပျိုးရာတွင် ပေါင်လုပ်၍ စိုက်ပျိုးရပါသည်။ ပေါင်တစ်ပေါင်လျှင် မှိုထုပ် ၅ထုပ်စိုက်ပျိုးရပါသည်။

       မှိုမစိုက်ပျိုးမီ ဗေဒါကိုစင်း၍ တစ်လက်မ၊ နှစ်လက်မခန့်ခင်းရပါသည်။ ထို့နောက် ကတ္ထူစက္ကူကို ရေနူးအောင်ဆွတ်ပြီး ဗေဒါပေါ်တွင် ခင်းရပါသည်။ မှိုမျိုးထုပ်ထဲရှိ မှိုများကိုမွ၍ ကတ္ထူစက္ကူပေါ်တွင် စိုက်ရပါသည်။ ပေါင်၏ဘေးနှုတ်ခမ်းကို လေးလက်မခန့်ခွာ၍ စိုက်ရပါသည်။

     ထိုမှိုပေါ်တွင် စင်းထားသောဗေဒါကိုထပ်ဖြူး၍ နွားချေးကိုအရည်ဖျော်ပြီး ကျဲကျဲလောင်းပေးရပါသည်။ ထိုသို့လောင်းပြီးနောက် မှိုအားဆေးတစ်ခါဖျန်းပေးရပါသည်။ အားဆေးဖျန်းပြီးလျှင် လေသလပ်လို့မရသောကြောင့် ပလတ်စတစ်အကြည်အုပ်ပေးရပါသည်။ စိုက်ပြီး ၅ရက်အကြာတွင် မှိုများစထွက်ပါသည်။

    မှိုစထွက်ပြီး ၉ရက်၊ ၁၀ ရက်ခန့်ကြာလျှင် နုတ်ကာ ဈေးများသို့ပို့၍ ရောင်းချနိုင်ပါသည်။ တစ်ပေါင်လျှင် မှို ၁၀ပိဿာခန့်ထွက်ရှိပါသည်။ တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် မှိုရောင်းချသူများက မှိုစိုက်တောင်သူများထံမှ တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး ၁၂၀၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)