တောင်ငူမြို့၊ မဟာမေတ္တာဖောင်ဒေးရှင်းမှ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် ဆန်ရောင်းချ

Powered by Drupal

    တောင်ငူမြို့၊ အမှတ်(၁၈)ရပ်ကွက်၊ အရှေ့ဘက်ကျုံးပတ်လမ်းတွင် ရုံးခန်းဖွင့်လှစ်သော မဟာမေတ္တာဖောင်ဒေးရှင်းသည် တောင်ငူမြို့၏ ရပ်ကွက်အသီးရှိ အခြေခံလူတန်းစားများအား သက်သာသောနှုန်းထားဖြင့် ရပ်ကွက်အရောက် မော်တော်ယာဉ်ဖြင့် ဆန်များသယ်ယူပြီး ရောင်းချပေးလျက်ရှိပါသည်။

      ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ့မှစတင်၍ တစ်ရက်လျှင် ရပ်ကွက် ၂ခုသို့ ရောင်းချပေးပါသည်။ တောင်ငူမြို့ပေါ်ရှိ ရပ်ကွက် ၂၃ခုသို့ တစ်ရပ်ကွက်လျှင် ၁၅အိတ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်၊ တစ်အိမ်ထောင်လျှင် နှစ်ပြည်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

      အောက်တိုဘာလ ၄ရက်နေ့အထိ အမှတ် ၁၈ရပ်ကွက်နှင့် ၁၉ရပ်ကွက်များသို့ ရောင်းချပေးလျက်ရှိရာ ရပ်ကွက် ၁၈ခုသို့ ရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။ ကျန်ရှိသည့် ရပ်ကွက် ၅ခုအား ဆက်လက်ရောင်းချပေးမည်ဖြစ်ပါသည်။ ဆန်ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံကကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)