ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဈေးနှုန်းများ

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်  အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံ ဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀)အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀)ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ်စုံစမ်းလျက် ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်မှ အောက်တိုဘာလ(၆)ရက်နေ့အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံဒေသတို့မှ ကြက်သွန်နီ (၇၃၈၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀)ရာခိုင်နှုန်းခန့် ပြန်လည် စီးထွက်မှုရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၁၀၀၊ အသန့် မှာ တစ်ပိဿာ ကျပ်၂၆၅၀ ၊ အကြီး မှာ ကျပ် ၂၇၅၀၊ ရှယ်မှာ ကျပ် ၃၀၀၀ ရှိကြောင်းနှင့် မြင်းခြံကြက်သွန်နီ (အသစ်) ‌အချော တစ်ပိဿာ ၁၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၆၅၀ ၊ အကြီးမှာ ကျပ် ၂၈၀၀၊ ရှယ်မှာ ကျပ် ၃၁၀၀ ဈေးတို့ အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)