ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂.၁၀.၂၀၂၃ မှ ၁၁.၁၀.၂၀၂၃ ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ ပိဿာလျှင် အမြင့်ဈေး ၇၄၀၀/- ကျပ်မှ အနိမ့်ဈေး ၇၁၀၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၅၂၁၅/- ကျပ်မှ ၅၃၉၅/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၅၄၈၅/- ကျပ်မှ ၆၀၂၀/- ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ ပိဿာလျှင် ၅၉၀၀/- ကျပ်မှ ၆၂၀၀/- ကျပ်ထိ လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ ပိဿာလျှင် ၁၄၀၀၀/- ကျပ်မှ ၁၆၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ ပိဿာလျှင် ၆၀၀၀/- ကျပ်မှ ၈၀၀၀/- ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်-သစ်) ၁ ပိဿာလျှင် ၁၁၅၀/- ကျပ်မှ ၁၂၅၀/- ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား-သစ်) ၁ ပိဿာလျှင် ၁၉၀၀/- ကျပ်မှ ၂၄၀၀/- ကျပ်ထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ ပိဿာလျှင် ၃၁၀၀/- ကျပ်မှ ၃၂၀၀/- ကျပ်ထိလည်းကောင်း၊ သကြား (ပြည်တွင်း) ၁ ပိဿာလျှင် ၃၇၃၀/- ကျပ်မှ ၃၇၅၀/- ကျပ်ထိ လည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ ပိဿာလျှင် ၃၆၀၀/- ကျပ်မှ ၃၉၀၀/- ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ ပိဿာလျှင် ၃၆၀၀/- ကျပ်မှ ၄၂၀၀/- ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ ပိဿာလျှင် ၁၈၀၀/- ကျပ်မှ ၂၃၀၀/- ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ ပိဿာလျှင် ၂၀၀၀/- ကျပ်မှ ၃၃၀၀/- ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်သာ အတက်အကျဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)