ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်စားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂.၁၀.၂၀၂၃ မှ ၁၁.၁၀.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ရေထွက်စားသောက်ပစ္စည်းဈေးနှုန်းများမှ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန် (ရှယ်) ၁ ပိဿာလျှင် ၈၀၀၀၀/- ကျပ်မှ ၉၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံရွှေပုဇွန် (ရိုးရိုး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၇၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုကြီး (ရှယ်) ၁ ပိဿာလျှင် ၅၀၀၀၀/- ကျပ်မှ ၅၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရှယ်) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရိုးရိုး) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုဇွန် (ရှယ်) ၁ ပိဿာလျှင် ၅၀၀၀၀/- ကျပ်မှ ၇၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုဇွန် (ရိုးရိုး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ရေချိုငါးခြောက်ဈေးနှုန်းများမှာ ငါးကျည်းကြပ်တိုက် (ကြီး) ၁ ပိဿာလျှင် ၆၅၀၀၀/- ကျပ်မှ ၇၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးကျည်းကြပ်တိုက် (သေး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးမွေထိုးခြောက် ၁ ပိဿာလျှင် ၃၅၀၀၀/- ကျပ်မှ ၃၇၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (ကြီး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၆၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (လတ်) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၅၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့လုံးခြောက် ၁ ပိဿာလျှင် ၃၀၀၀၀/- ကျပ်မှ ၃၅၀၀၀/- ကျပ်ထိရှိခဲ့ပြီး ရေငံငါးခြောက်ဈေးနှုန်းများအနေဖြင့် ငါးကွမ်းရှပ် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးတံခွန် (မျင်းကြီး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငါးတံခွန် (လုံး) ၁ ပိဿာလျှင် ၂၀၀၀၀/- ကျပ်မှ ၂၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးပုတ်သင်ခြောက် ၁ ပိဿာလျှင် ၈၀၀၀/- ကျပ်မှ ၁၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (ကြီး) ၁ ပိဿာလျှင်မှ ၃၀၀၀၀/- ကျပ်မှ ၃၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (လတ်) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးမြီးတံသွယ် ၁ ပိဿာလျှင် ၄၀၀၀/- ကျပ်မှ ၅၀၀၀ ကျပ်ထိ အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)