လက်လီပဲဈေးကွက် ပြည်စားတော်ပဲ ဈေးအမြင့်ဖြင့်စံချိန်တင်ရရှိနေ

Powered by Drupal

    ပြည်ပဲမျိုးစုံဈေးကွက်မှာ လက်လီသာအရောင်းအဝယ်ဖြစ်သော်လည်း ဈေးနှုန်းအနေဖြင့် ဈေးကွက်အတွင်း အမြင့်ဆုံးဖြင့် စံချိန်တင်မြင့်တက်လျက်ရှိသော ပဲသီးနှံမှာ စားတော်ပဲ သီးနှံဖြစ်ခဲ့ပါသည်။ စားတော်ပဲသီးနှံသည် ပဲအဝင်ယခုကာလတွင် မရှိလှသော်လည်း ပဲလက်ကျန် များနေ့စဉ် ဒေသတွင်း လက်လီဝယ်ယူသူများဖြင့် ရောင်းချမှုရှိကြောင်း သိရပါသည်။ ပဲပြုတ် ရောင်းချသူများနေ့စဉ် အဝယ်ရှိပြီး ပဲဈေးမှာ ပိဿာ(၂၀) တစ်တင်းလျှင် ၁၀၃၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြပါသည်။ စားတော်ပဲသီးနှံသည် အခြားပဲများနှင့်ယှဉ်လျှင် နှစ်စဉ်ဈေးကောင်းရပြီး ဈေးကွက်မှာ ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေသည့် သီးနှံဖြစ်သောကြောင့် ရှေ့နှစ်များ၏ အောက်တိုဘာလတွင် ရောင်းဝယ်မှုဖြစ်သော ဈေးနှုန်းများမှာ ၂၀၂၀ ခုနှစ်တွင် ပဲတစ်တင်း ၅၀၀၀၀ကျပ်၊ ၂၀၂၁ ခုနှစ်တွင် ထပ်မံဈေးနှုန်းမြင့်တက်လာကာ တစ်တင်း ၇၀၀၀၀ကျပ်နှင့် ၂၀၂၂ ခုနှစ်မှာတော့ ဆက်လက်၍ ဈေးနှုန်းမြင့်တက်လာခဲ့သည့်အတွက် တစ်တင်း ၁၂၅၀၀၀ကျပ်အထိ ရရှိခဲ့တာကြောင့် ယခုနှစ်ဈေးမြင့်တက်ခဲ့သည်ဆိုသော်လည်း ယခင်နှစ်ကာလတူအချိန်ဈေးထက် အနည်းငယ်လျော့နည်းနေကြောင်း သိရပါသည်။

DOCA(ပဲခူး)