ပြည်မြို့၏ဖရဲသီးဈေးကွက်

Powered by Drupal

   ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဖရဲသီးများဈေးကွက်တွင် စတင်ရောင်းချနေပြီဖြစ်ပါသည်။ ဖရဲသီးကို ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ဖရဲသီးကို ပြည် ကားလမ်းဘေး၊ ပြည်မြို့နယ်အတွင်းကားလမ်းဘေးများ ၊ ဒေသတွင်းရှိ ဈေးများတွင်အများဆုံး ရောင်းချကြောင်း တွေ့ရှိရပါသည်။ ဖရဲသီးတွင် အနီသီး ၊ အဝါသီးဟူ၍ နှစ်မျိုး ရှိပါသည်။ ပြည်မြို့နယ်တွင် ဖရဲသီးကို အလုံးကြီး၊ အသေးအလိုက်လည်းကောင်း၊ အစိတ်များစိတ်၍လည်းကောင်း ရောင်းချကြပါသည်။ ဖရဲသီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၃၀၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ရောင်းချကြောင်း တွေ့ရှိရပါသည်။ ဖရဲသီးမှာ လူကြိုက်များပြီး စားသုံးသူများသောကြောင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)