ကသာမြို့တွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

Powered by Drupal

     ကသာခရိုင်အတွင်း ပြည်သူများအနေဖြင့် စားအုန်းဆီအား ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲတမ်းရရှိသောစားအုန်းဆီတို့ကို ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ကကြီးကြပ်၍ စားအုန်းဆီကုန်သည်များနှင့်ပူးပေါင်းကာ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိပါသည်။

      ထိုသို့ ရောင်းချပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၈း၀၀)နာရီအချိန်မှစတင်၍ ကသာမြို့၊ မြို့တော်ခန်းမတွင် ပြည်သူများသို့ စားအုန်းဆီများအား တစ်ပိဿာလျှင် (၅၆၅၀)ကျပ်နှုန်း၊ လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ပိဿာ (၅၅၀) ရောင်းချပေးနိုင်ခဲ့ပါသည်။ ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် စားအုန်းဆီကုန်သည်များနှင့်ပူးပေါင်းကာ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ်မူတည်၍ ခရိုင်အတွင်း မြို့နယ်များရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)