ပြည်ဈေးကွက်တွင်ရောင်းချနေသော ပန်းဂေါ်ဖီဈေးနှုန်း

Powered by Drupal

    ပန်းဂေါ်ဖီကို မြန်မာနိုင်ငံမြေပြန့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။ အမျိုးအစားအလိုက် သက်လျင်မျိုးသည် စိုက်ချိန်မှ ခူးဆွတ်ချိန်အထိ ရက်(၉၀)ကြာပါသည်။ ပန်းဂေါ်ဖီကို မြေပြန့်ဒေသ၌ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်စိုက်ပျိုးပြီး တောင်ပေါ်ဒေသ၌ ဧပြီလ၊ မေလ၊ စက်တင်ဘာလနှင့် အောက်တိုဘာတို့တွင် စိုက်ပျိုးကြပါသည်။ စတင်စိုက်ပျိုးပြီး ၂လ/ ၃လအကြာတွင် ပန်းပွင့်တို့ကို စတင်ခုတ်ယူနိုင်ပါသည်။ တစ်ဧကလျှင် ပန်းပွင့်တန်ချိန် ၅တန်မှ ၈တန်အထိထွက်ရှိနိုင်ပြီး မျိုးကိုလိုက်၍ အထွက်နှုန်းပြောင်းလဲမှုရှိသည်ဟုသိရပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှာ ပန်းဂေါ်ဖီထွက်ချိန်မဟုတ်သော်လည်း ရေလောင်းစိုက်ပျိုးသောပန်းဂေါ်ဖီများကိုး ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်။ ယခုအချိန်၌ ဈေးကွက်တွင်ရောင်းချလျက်ရှိသော ပန်းဂါ်ဖီများသည် ပြည်အနီးတဝိုက်ရှိကျေးရွာများနှင့် ပုတီးကုန်းမြို့နယ်ရှိကျေးရွာများမှ ဝင်ရောက်လာသည်ဟုသိရပါသည်။  ယခုလက်ရှိ၌ ဈေးကွက်တွင်ရောင်းချနေသော ပန်းဂေါ်ဖီဈေးနှုန်းများမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ၇၀၀ကျပ်မှ ၁၆၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)