ပြည်ဈေးကွက်၏ လက်လီပဲလွမ်းဖြူဈေးကွက်

Powered by Drupal

     ပြည်လက်လီပဲဈေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်၌ နေ့စဉ်ရောင်းဝယ်မှုဖြစ်နေသော အခြားလက်လီပဲများမှာ ဈေးကောင်းရသော်လည်း ပဲလွမ်းဖြူသီးနှံဈေးနှုန်းမှာမူ တစ်တင်းလျှင် ၅၅၀၀၀ကျပ်ဖြင့်သာရောင်းဝယ်မှုဖြစ်ခဲ့ကြောင်းသိရပါသည်။ အခြားပဲသီးနှံများဖြစ်သည့် ထောပတ်ပဲ၊ ပဲနီပြား စသည့်လက်လီပဲများမှာ တစ်တင်းလျှင် ကျပ်တစ်သိန်းကျော်ဖြင့် ရောင်းဝယ်နေကြသည့်အတွက် ယခုနှစ်၊ ပြည်တွင်းလက်လီဝယ်ယူမှုများသော ပဲဈေးနှုန်းများမြင့်တက်ခဲ့သည်ကိုတွေ့ရပါသည်။ ပဲလွမ်းဖြူသီးနှံသည် ပဲသစ်ပေါ်စကတည်းက တစ်တင်းလျှင် ၄၇၀၀၀ကျပ်ဖြင့်သာရောင်းဝယ်ခဲ့ရပြီး အခြားပဲများကဲ့သို့ ဈေးသိသိသာသာပိုမြင့်တက်လာခြင်းမရှိဘဲ ယခုအချိန်၌လည်း ပေါ်စထက် ဈေးအနည်းငယ်သာမြင့်တက်လာသော်လည်း တစ်တင်းလျှင် ၅၅၀၀၀ကျပ်ဖြင့်သာ လက်လီသမားများ နေ့စဉ်အိတ်အနည်းငယ်ဝယ်ယူမှုရှိကြသည်ဟုသိရပါသည်။ ယခင်နှစ်၊ အောက်တိုဘာလအတွင်း ပဲလွမ်းဖြူသီးနှံဈေးနှုန်းမှာ တစ်တင်းလျှင် ၅၀၀၀၀ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်သာကွာခြားမှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)