မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

Powered by Drupal

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ၂၀၂၂ခုနှစ် ကာလတူဈေးထက် ၂၀၂၃နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

     ယခင်နှစ် အောက်တိုဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၆၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

      ယခင်နှစ် အောက်တိုဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၆၁၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၅၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

      ယခင်နှစ် အောက်တိုဘာလ(တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၆၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

     ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၃၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၉၁၅၀၀၊ 929  တစ်တင်းလျှင် ကျပ်၆၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၅၉၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

      ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

     ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၂၀၀၀ဖြင်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခွဲခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

     ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

    ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၄၉၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်ပိဿာလျှင် ကျပ်၆၇၀၀၊ ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၃၅၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်ပိဿာလျှင် ကျပ်၆၅၀၀ဖြစ်၍ တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀အိတ်မှ ၂၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

      ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၁၀၅၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၁၁၆၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၉၆၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်မှ သုံးသောင်းကျော်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)