မကွေးမြို့နယ်၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်‌ဆေးစျေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်း ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာများမှာ အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် ကျပ်(၆၉၀၀၀)၊ အာမို(၁၅:၁၅:၁၅) တစ်အိတ်လျှင် ကျပ်(၁၃၇၀၀၀)၊ ရွှေကောမက်(၂၀:၁၂:၁၂) တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ယူရီးယား(50)kg တစ်အိတ်လျှင် ကျပ် (၇၇၀၀၀)၊ ပန်းဖူး(ပုလဲ)တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ MC(၁၅:၁၅:၁၅)တစ်အိတ်လျှင် ကျပ် (၁၃၇၀၀၀)၊ တက်တိုး (၁၅:၇:၈)တစ်အိတ်လျှင် ကျပ်(၇၆၀၀၀)၊ ရွှေပုလဲ(မြင်းကျား)တစ်အိတ်လျှင် ကျပ်(၆၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

       ပိုးသတ်ဆေးများအနေဖြင့် ပရိုမက်တင်(500 Cc) တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)၊ ဆလက်ပက်စ် (500 Cc) တစ်ဘူးလျှင် ကျပ်(၂၁၅၀၀)၊ အီရာပရိုသရင် (500 Cc) တစ်ဘူးလျှင် ကျပ်(၂၄၅၀၀)၊ ဖိုစ်တင်း (500 Cc) တစ်ဘူးလျှင် ကျပ်(၁၇၅၀၀)၊ အဆီဖိတ် (250)g တစ်ထုပ်လျှင် ကျပ်(၉၀၀၀)၊ ဇိုင်ကလုံး (250 Cc)တစ်ဘူးလျှင် ကျပ်(၉၀၀၀)နှင့် မက်ဆိုက်ပါ(250 Cc)တစ်ဘူးလျှင် ကျပ် (၈၀၀၀) တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)