မကွေးမြို့၏ ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ(ပထမအပတ်)နှင့်(ဒုတိယအပတ်) စက်သုံးဆီစျေးနှုန်းအခြေအနေ

Powered by Drupal

     မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ(ပထမအပတ်)နှင့်(ဒုတိယအပတ်) စက်သုံးဆီစျေးနှုန်း များမှာ ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၃၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၂၄၀)ဖြစ်၍ ကျပ်(၉၅)စျေးလျော့နည်းခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၇၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၅၅)ဖြစ်၍ ကျပ်(၂၀)စျေးလျော့နည်းခဲ့ကြောင်း၊ ဓါတ်ဆီ (92)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၁၉၉၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၀၂၅)ဖြစ်၍ ကျပ် (၃၅)စျေးမြင့်တက်ခဲ့ကြောင်း၊ ဓါတ်ဆီ(95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၀၉၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၁၂၅)ဖြစ်၍ ကျပ်(၃၅)စျေးမြင့်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)