မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံနှင့် အသား/ငါး ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ပထမအပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၉၅၀၀၀-၁၃၀၀၀၀)၊ မနော သုခဆန်(၁)အိတ်လျှင် ကျပ်(၇၅၀၀၀-၉၀၀၀၀)ဖြစ်ပြီး၊  (ဒုတိယအပတ်)တွင် ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၉၅၀၀၀-၁၃၀၀၀၀)၊ မနောသုခဆန်(၁)အိတ်လျှင် ကျပ်(၇၅၀၀၀-၉၀၀၀၀)ဖြစ်ကြောင်း၊ ယခုအပတ်တွင် ဈေးငြိမ်နေကြောင်း ဆန်ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

   ကြက်သွန်နီ (1)ပိဿာလျှင် ကျပ်(၃၀00)ဖြစ်ပြီး ရေနံချောင်းမြို့နယ်၊ ပင်းချောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့များမှထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူ ရောင်းချကြကြောင်းနှင့် စာဖိုးဆောင်သီးနှံကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ မန်ကျည်းသီးမှည့်(၁) ပိဿာလျှင် ကျပ်(၃၅၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ဆားကြမ်း(၁)ပိဿာလျှင် ကျပ် (၅၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၇၀)၊ ဂျင်း(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ အသား/ ငါးဈေးနှုန်း များမှာ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁) ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ရောင်းချကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)