မင်းဘူးမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေးတွင် မင်းဘူး-စကုကျေးရွာများနှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှထွက်ရှိသော ဟင်းသီးဟင်းရွက်များကို ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ဒုတိယအပတ်)တွင် ရောင်းချနေသော  ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ပန်းမုန်လာပွင့်(၁)ပွင့်လျှင် ကျပ်(၈၀၀-၁၀၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၈၀၀-၁၂၀၀)၊ မုန်လာဥအနီ(အကြီး)(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ ရွှေဖရုံသီး(၁)လုံးလျှင် ကျပ် (၂၀၀၀-၂၅၀၀)၊ ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ်(၂၀၀-၂၅၀)၊  အာလူး(ရှမ်း)(၁)ပိဿာလျှင် ကျပ် (၂၀၀၀-၂၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၆၀၀-၂၀၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ဗူးရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ဗူးသီး (၁) လုံးလျှင် ကျပ်(၅၀၀-၇၀၀)၊ ကျောက်ဖရုံသီး(၁)လုံးလျှင် ကျပ်(၁၀၀၀-၁၅၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မကွေး)