မန္တလေး-မူဆယ်ကုန်စည်ပို့ဆောင်ခအနည်းငယ်တက်

Powered by Drupal

   မန္တလေးမြို့မှအခြားမြို့များသို့ ကုန်စည်သယ်ယူပို့ဆောင်ခနှုန်းထားများအား စက်တင်ဘာလနှင့် အောက်တိုဘာလဒုတိယပတ် ကားသယ်ခနှုန်းထားများနှိုင်းယှဉ်ပါက ကုန်ရရှိမှုအပေါ်မူတည်၍ အနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရသည်။ မန္တလေး-မူဆယ်ကားသယ်ခနှုန်းထားများအနေဖြင့် ကုန်ကျစ် တစ်ပိဿာလျှင် ၈၆ ကျပ်၊    ကုန်ပွ တစ်ပိဿာလျှင် ၉၅ ကျပ်နှုန်းဖြစ်ပြီး၊  အပြန်ကားခမှာ တစ်ပိဿာလျှင် ၁၀၀ကျပ်နှုန်းဖြစ်ကြောင်းသိရသည်။ စက်တင်ဘာလကားသယ်ခအနေဖြင့် ကုန်ကျစ်  ၈၅ ကျပ်၊ကုန်ပွ ၉၅ ကျပ်နှင့် အပြန်ကားခ ၁၃၀ကျပ်ဖြစ်သည့်အတွက် နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် အတက်ကုန် ၁ ကျပ်နှုန်းနှင့်အဆင်းကုန် ၂၀ ကျပ်နှုန်းအနည်းငယ်စျေးတက်မှုရှိကြောင်း သိရသည်။ အောက်တိုဘာလဒုတိယပတ်အတွင်း ကုန်ရရှိမှုနည်းသည့်အတွက် ကားခအနည်းငယ်ပြောင်းလဲမှု ရှိကြောင်း ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။ အလုပ်သမားခ အနေဖြင့် ကားတင်ခကုန်ကျစ်(ဆန် ၅၀ ကီလို/ ၃၀ ပိဿာ)လျှင်  ၈၀ ကျပ်၊ နို့ဆီဖာ တစ်ဖာလျှင် ၄၀ ကျပ်နှင့် ကားချခ(ကမာဆီထပ်ခအပါအဝင်) ၉၀ ကျပ်နှုန်းဖြစ်ကြောင်း သိရသည်။ အလုပ်သမားခမှာ ပုတ်ပြတ်ငှားရမ်းပါက ကုန်အပေါ်မူတည်၍တစ်ဦးလျှင် ၈၀၀၀ကျပ်နှင့်၁၀၀၀၀ကျပ်အကြား ပေးချေမှု ရှိကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး၊အုန်းချောကျေးရွာ၊ ၁၆ မိုင်ကျောက်ချော စစ်ဆေးရေး ဂိတ်ဖြတ်ယာဉ်စာရင်းများအရ  နေ့စဉ်ကုန်စည်တင်သည့်ယာဉ်အတက်/အဆင်းပေါင်း (၇၀၀) စီးနှင့် (၈၀၀) စီးကြား ဖြတ်သန်းကြောင်း သိရသည်။   

  ၂၀၂၃ခုနှစ်စက်တင်ဘာလနှင့် အောက်တိုဘာလဒုတိယပတ်အတွင်း ကားတင်ခနှုန်းထားများ အနည်းငယ်မြှင့်တက်မှုအခြေအနေအား မန္တလေးတိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းရုံးမှ ပေးပို့သည့် အချက်အလက်များအရ    ကုန်စည်ယာဉ်သယ်ယူခနှုန်းများအား  အောက်ပါဇယားဖြင့် နှိုင်းယှဉ် ဖော်ပြအပ်ပါသည် -

      စဉ်

           ခရီးစဉ်

စက်တင်ဘာလကုန်စည်ပို့ဆောင်ခ

အောက်တိုဘာလကုန်စည်ပို့ဆောင်ခ

မှ

        သို့

ကုန်ကျစ်

ကုန်ပွ

အပြန်ကားခ

ကုန်ကျစ်

ကုန်ပွ

အပြန်ကားခ

မန္တလေး

မူဆယ်

၈၅

၉၅

၁၃၀

၈၆

၉၅

၁၀၀

မန္တလေး

ချင်းရွှေဟော်

၈၀

၈၅

၁၀၀

၉၀

၉၅

၁၀၀

မန္တလေး

တာချီလိတ်

၂၂၅

၂၅၀

၂၅၀

၂၂၅

၂၅၀

၂၅၀

မန္တလေး

မြစ်ကြီးနား

၁၅၀

၁၈၀

၈၀

၁၈၀

၂၀၀

၈၀

မန္တလေး

ခန္တီး

၂၂၀

၂၅၀

၁၂၀

၂၂၀

၂၅၀

၁၂၀

မန္တလေး

နေပြည်တော်

၅၇

၇၀

၄၀

၅၀

၇၀

၅၀

မန္တလေး

ရန်ကုန်

၈၅

၉၅

၆၀

၈၅

၉၅

၆၀

မန္တလေး

မြဝတီ

၂၀၀

၂၂၀

၁၅၀

၂၂၀

၂၅၀

၁၇၀

မန္တလေး

စစ်တွေ

၃၀၀

၃၅၀

၁၂၀

၃၀၀

၃၅၀

၁၂၀

 

DOCA(မန္တလေး)