ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

     ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝင်ရောက်လာသောသစ်သီးများဖြစ်သည်။

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော သစ်သီးဝလံဈေးနှုန်းများမှာ ဆီးပန်းသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၃၀၀မှ ၅၀၀)ကျပ်ထိ၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပန်းသစ်တော်သီး(၁)လုံးလျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၃၀၀)ကျပ်၊ ဖရဲသီး(၁)လုံးလျှင် (၃၅၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀မှ ၃၅၀၀)ကျပ်ထိ၊  နဂါးမောက်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀) ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၂၀၀၀မှ ၂၅၀၀)ကျပ်ထိ၊ ရှောက်ပန်းသီး(၁)လုံးလျှင် (၁၅၀၀)ကျပ်၊ တည်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)