နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် ၆၅၀၀ကျပ်၊ ဧည့်မထ တစ်ပြည် ၃၅၀၀ကျပ်၊ မနောသုခ တစ်ပြည် ၃၄၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၃၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၈၅၀၀ကျပ်မှ ၈၈၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ကြက်ဥ လက်လီဈေးမှာ တစ်လုံးလျှင် ၂၄၀ကျပ်မှ ၂၆၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၇၂၀၀ကျပ်မှ ၁၂၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၅၀၀၀ ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရှိရပါသည်။
စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၂၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(ပြည်ထောင်စုနယ်မြေ)