ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်  တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ရပ်ကွက်ရှိ SK တံဆိပ် ကိတ်/ပေါင်မုန့်လုပ်ငန်းနှင့် ဧဒင်ကျေးရွာရှိ ညီနောင်ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် SK တံဆိပ် ကိတ်မုန့်/ပေါင်မုန့်နှင့် ညီနောင်တံဆိပ် ကိတ်မုန့်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊  လုပ်ငန်းတွင် အသုံးပြုသော စက်ပစ္စည်းများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ"ကို လိုက်နာဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)