ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု-ဦးစီးမှူး)သည် ၂၀၂၃ ခု ၊ အောက်တိုဘာလ (၁၈) ရက် ၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး (TalkShow) အစီအစဉ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက အဖွင့်အမှာစကားပြောကြားပြီး မင်းပြားမြို့နယ် တာဝန်ခံ ဦးမောင်သန်းဝင်းက စားသုံးသူ ကာကွယ်ရေး ဥပဒေ၊နည်းဥပဒေများ ပြဌာန်းထားရှိမှုအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)၊ပုဒ်မ(၄၁) ပါစီးပွားရေးလုပ်ငန်းရှင်သည်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များ၊ ပုဒ်မ(၄၂)ပါ မည့်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သိပ္ပံနည်းကျသုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးအာဟာရဆိုင်ရာအာမခံချက်များ ဖော်ပြနိုင်ကြောင်း၊ ပုဒ်မ(၄၃)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဟုပါရှိကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသား မပါဝင်သောကုန်ပစ္စည်းများနှင့် သက်တမ်းလွန် ကုန်ပစ္စည်းများအား ဝယ်ယူစားသုံးခြင်းမပြုရန် Online စနစ်ဖြင့် ရောင်းချသောလုပ်ငန်းများအတွက် မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချရန်နှင့် အကြံပြုပြောကြားလိုပါကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက မိမိတို့စားသုံးသူရေးရာဦးစီးဌာန Website, Application ,CICC Center (၃)ခုအား ဖွင့်လှစ်ထားရှိပြီး ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)