ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ကျေးရွာနေပြည်သူများအား အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အခွန်လွတ်ဈေးတွင် ရပ်ကွက်၊ ကျေးရွာနေစားသုံးသူပြည်သူများအား မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း၏ ဆီဈေးကားဖြင့်  စားအုန်းဆီတစ်ပိဿာ ၄၇၀၀ ကျပ်ဈေးဖြင့်  ၅၅၀ ပိဿာ အား အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကြက်ဥ တစ်လုံးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် အလုံးရေ ၃၀၀ နှင့် ဘဲဥ တစ်လုံးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် ဘဲဥအလုံးရေ ၃၀၀ ၊ ကြက်သား တစ်ပိဿာလျှင် ၈၀၀၀ကျပ် ဖြင့် ၂၅ပိဿာ ၊ ဝက်သား တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဖြင့် ၁၀ ပိဿာ၊ အမဲသား တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဖြင့် ၁၀ပိဿာ၊ ငါးမျိုးစုံ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ပိဿာ ၃၀ ရောင်းချ‌ပေးမှုအား မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)