စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများ နေ့စဉ် ဝယ်ယူစားသုံးနေသည့် စားသောက်ကုန်စည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဒေသထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ် အသားများကို ထည့်သွင်းဖော်ပြစေရေး ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့ပေါ်ရှိ “ဝေဝေခိုင်”ကိတ်မုန့်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်လင်းဆွေးနွေးခဲ့ရာ “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ကိတ်မုန့်လုပ်ငန်းရှင် အနေဖြင့်လည်း မိမိတို့ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)