မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၁၀.၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ်(၁)အောက်ဈေးနှင့် မြိုင်ရတနာအပေါ်ဈေးရှိ ဆေးဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးဆိုင်များအတွင်း ရောင်းချနေသော Pabrinex IV/HV Injection ဆေးဝါးနှင့် ဘူးခွံ Design ဆင်တူပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ထောက်ခံချက်နှင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် DRC No.နှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ အား အားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)